Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၁၅၁)၊ တန်ဖိုး ပမာဏ အမေရိကန်ဒေါ်လာ (၂.၃၄၄) သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုး မှာဆီအုန်းတန်ချိန် (၁၀၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၀၀)၊ (၁) တန်ဈေးနှုန်း (၉၀) (၂၀၇၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန် (၅၀.၇၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၃၅၆.၈၀)၊ (၁)တန် စျေးနှုန်း (၁၁၉၀) အမေရိကန်ဒေါ်လာ၊ ကဗျက် တန်ချိန် (၉၇.၀၈)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၄၈၄၆.၄၀)၊ (၁)တန် စျေးနှုန်း(၁၀၈၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ်တန်ချိန် (၃.၂၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၁၁၆.၈၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန် (၉.၈၄)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၇၇၆.၀၀)၊ (၁)တန်စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ (၁၃၂၀)အမေရိကန်ဒေါ်လာ၊ခွေးလျှာ တန်ချိန် (၂၄.၀၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၉၆၉.၆၀)၊ (၁)တန်စျေးနှုန်း (၁၁၂၀) အမေရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန် (၆.၄၄) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၀၅၁.၆၀) ၊ (၁) တန် ဈေးနှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ မီးသွေးမှုန့် တန်ချိန်(၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀၀၀) ၊ (၁) တန်ဈေးနှုန်း (၁၆၆.၆၇) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၈၀၀၀)၊ (၁)တန်စျေးနှုန်း (၅၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ကျောက်ချဉ်တန်ချိန် (၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀)၊ (၁)တန် စျေးနှုန်း (၁၆၆.၆၇) အမေရိကန်ဒေါ်လာ၊ တို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရသည်။

ကော့သောင်းမြို့(၂၁-၈-၂၀၂၃)ရက်နေ့ ကျပ်/ဘတ် ငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်း

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၁-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၉၄၃) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၁၀၆) ကျပ်ခန့် (၂၀-၈-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် မြန်မာငွေ (၂) ကျပ်ခန့်ကျဆင်းလျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၅၇၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့်မြင့်တက်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News