Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂၀-၈-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၀-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၄၇) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၆၃၃) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၃.၇၈၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၃၈၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၁၉) သန်း၊ ငါးရှဉ့် (၅၂.၈၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၀) သန်း၊ ကဏန်း (၂၆.၉၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၄) သန်း၊ ကြေးနီ (၃၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၉) သန်း၊ သကာရည် (၂၉၅.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၇) သန်း၊ ပိုးအိမ်(၁၂.၉၆၀) တန်၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ လျှော်ဖြူ(၃၄.၉၆၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁) သန်း၊ ဝါဂွမ်း (၃၃.၇၆၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၉) သန်း၊ မြေထောက်ပဲ(၃၃.၀၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉) သန်းနှင့် မိကျောင်းကွမ်းဖတ်စေ့ (၄၇.၉၀၀) တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း တို့ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၁.၅၉၁) သန်း၊ မီးခံအုတ်များ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၀) သန်း၊ ဘတ္ထရီအိုးများ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၇) သန်း၊ ဆိုလာပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၉) သန်း၊ အလူမီနီယံ စက္ကူလိပ် တန်ဖိုးကန်ဒေါ်လာ (၀.၀၄၂) သန်း၊ ကြွေထည်ပစ္စည်းအမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇) သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ မီးသီး တန်ဖိုးကန်ဒေါ်လာ (၀.၀၃၅) သန်းနှင့် စားသောက်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၂.၁၁၂) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၂.၄၂၈) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၄၄.၅၄၀) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၁.၇၃၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

(၂၀-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၆၅.၅၉၇) နှုန်း၊  ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၃၆.၆၈၁) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၅၀.၅၂၅) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၆၄.၅၈၉) နှုန်း၊ သကာရည် (၁)တန်လျှင် ကန်ဒေါ်လာ (၃၂၉.၉၇၇) နှုန်း၊ ပိုးအိမ် (၁) တန်လျှင် ကန်ဒေါ်လာ (၄၉၉၁.၄၉၈) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၄၄.၅၉၃) နှုန်း၊ ဝါဂွမ်း (၁) တန် လျှင် ကန်ဒေါ်လာ (၁၇၄၄.၀၉၃) နှုန်း၊ မြေထောက်ပဲ (၁) တန်လျှင် ကန်ဒေါ်လာ(၁၄၈၉.၃၉၂) နှုန်း ၊ မိကျောင်းကွမ်းဖတ်စေ့ (၁) တန်လျှင် ကန်ဒေါ်လာ (၉၆၅.၉၂၇) နှုန်း တင်ပို့နိုင်ခဲ့သည်။

(၇-၈-၂၀၂၃) ရက်နေ့ မှ (၁၃-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၃၁၆၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၆၁၂)သန်း၊ ငါးရှဉ့် (၄၁၂.၄၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၂၄၇) သန်း၊ ကျောက်စိမ်း (၂၉.၈၇၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၉၆၁) သန်း၊ ကဏန်း (၁၇၉.၃၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၈၅) သန်း၊ ဝါဂွမ်း (၁၈၂.၇၈၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၉) သန်း၊ သီဟိုဠ်စေ့(အခွံမပါ) (၆၃.၄၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၃၁၇) သန်း၊ နနွင်းတက် (၅၇၉.၃၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၀၇) သန်း၊ ကြေးနီ (၁၀၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၀၀) သန်း၊ ဆန်ကွဲ (၆၈၂.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၄) သန်းနှင့် မိကျောင်းကွမ်းဖတ်စေ့ (၂၇၈.၅၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၆၈) သန်းတို့ဖြစ်သည်။

(၁၄-၈-၂၀၂၃) ရက်နေ့ မှ (၂၀-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၄.၁၉၅) သန်း၊ ဒီဇယ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၄၃၄) သန်း၊ ဓာတ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၃၈၁) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၂၇၇) သန်း၊  ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၁၉၇) သန်း၊ ဆောက်လုပ်ရေးသုံး သံဘောင်များ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၇) သန်း၊ ရေစုပ်စက် တန်ဖိုးကန်ဒေါ်လာ (၀.၁၅၂) သန်း၊ ဓာတ်မြေသြဇာ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၀) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၆) သန်းနှင့် မီးခံအုတ်များ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၀) သန်းတို့ဖြစ်သည်။

(၁၄-၈-၂၀၂၃) ရက်နေ့ မှ (၂၀-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၀၉.၀၉၀) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၂၂.၄၃၀) နှုန်း၊ ကျောက်စိမ်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၂၁၅၈.၁၇၃) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၁၈.၃၉၃) နှုန်း၊ ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၉၈.၈၈၂) နှုန်း၊  သီဟိုဠ်စေ့ (အခွံမပါ) (၁) တန်လျှင် ကန်ဒေါ်လာ (၄၉၉၈.၆၇၉) နှုန်း၊ နနွင်းတက် (၁)တန်လျှင် ကန် ဒေါ်လာ (၅၃၀.၃၁၉) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၇၃.၄၃၃)နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၁၆.၃၆၅) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁) တန်လျှင် ကန်ဒေါ်လာ (၉၆၂.၂၄၂) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့် တပြေးညီသိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒ လုပ်ထုံးလုပ်နည်းများသိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ  ကုန်သည်အသင်းအဖွဲ့များ၊  ညီနောင်အသင်းများဖြင့်  ချိတ်ဆက်ခြင်းအပြင်  လိုအပ်ပါကသက်ဆိုင်ရာ   အစိုးရဌာနများသို့   သတင်းပို့တင်ပြခြင်းများ  ဆောင်ရွက်သင့်သည်။တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန် လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News