Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးကွက် ဆက်တိုက်ကျဆင်းလာ

Last Updated:

စက်တင်ဘာလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်နှင့်အညာဒေသဘက်မှ ပြောင်းဖူးစေ့ များဝင်ရောက်လျှက်ရှိနေသည်။ ထိုင်းနိုင်ငံသို့ တင်ပို့မှုမရှိခြင်း၊ တရုတ် ဝယ်လက်မှ အနည်းငယ်သာဝယ်ယူမှုရှိခြင်း၊ ပြောင်းဖူးစေ့အသစ်ဝင်ရောက်မှုများခြင်းတို့ကြောင့် ပြောင်းဖူးစေ့ဈေးနှုန်း ဆက်တိုက်ကျဆင်းလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့(ရှမ်း) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀၀ မှ ၅၉၀၀၀၊ ယခင်လ ကျပ် ၆၂၀၀၀ မှ ၆၂၅၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခင်လထက် ကျပ် ၆၀၀၀ မှ ၆၅၀၀ နိမ့်ကျလာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀၀ မှ ၅၉၀၀၀၊ ယခင်လ ကျပ် ၆၁၀၀၀ မှ ၆၂၀၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀  မှ ၆၀၀၀ နိမ့်ကျလာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၆၅၀၀ မှ ၅၇၀၀၀၊ ယခင်လ ကျပ် ၆၀၀၀၀ မှ ၆၀၅၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀ မှ ၂၀၀၀၊ ယခင်လထက်  ကျပ် ၅၀၀၀ မှ ၅၅၀၀ နိမ့်ကျလာသည်။

  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး       

Category: Local News