Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉  ရက်မှ  ၁၅ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ပြောင်းနှင့်  ရော်ဘာများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်း ငွေပမာဏမှာ ၅၈၀၆၈.၈၁၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂  ရက်မှ  ၈ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၄၄၅၄၇၇.၈၃၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၃၅၂၀၇.၉၈၀ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉  ရက်မှ  ၁၅ ရက်နေ့ အတွင်း ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးအခြားပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သော ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ ပိုတက်ဆီယမ်ဓါတ်မြေ ဩဇာ၊ ပလပ်စတစ်ပိုက်၊ သံပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၅၀၁၂၇၂.၄၇၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ ၂  ရက်မှ  ၈ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၁၄၈၀၁၆.၇၇၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၅၃၂၅၅.၇၀၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရ ပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၇၉၄၁၃.၃၄၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၇.၃၅  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News