Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ် မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉  ရက်မှ  ၁၅  ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၅၈၀၆၈၅.၈၁၀ ကန်ဒေါ်လာ တင်ပို့မှု ရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ၅၀၁၂၇၂.၄၇၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊  ပြောင်းနှင့် ရော်ဘာများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၂၅၃၀၈၆.၀၉၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၂၇၅၉၉.၇၂၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။

သွင်းကုန်ပစ္စည်းများမှာ   ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်း များ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးအခြားပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သော ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ပိုတက်ဆီယမ်ဓါတ်မြေဩဇာ၊ ပလပ်စတစ်ပိုက်၊ သံပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ သို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၃၈၆၀၉.၇၃၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၃၆၂၆၆၂.၇၄၀ တင်သွင်းမှု ရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ်လျှင် တရုတ်ငွေ ၀.၃၄၈ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၈၇.၃၅  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News