Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၀-၁-၂၀၂၄ မှ ၂၄-၁-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၉၉၀၀၀၀၊ မတ်ပဲ SQ/RC   (2023 Crop) ကျပ် ၃၃၁၀၀၀၀ နှင့်  ပဲစင်းငုံ Red/RC(2023 Crop) ကျပ် ၃၄၃၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2023 Crop) ကျပ် ၅၀၀၀  နှင့် ပဲစင်းငုံ Red/RC (2023 Crop ) ကျပ်  ၁၄၂၅၀၀ ဈေးမြင့်တက်ခဲ့ပြီး မတ်ပဲ SQ/RC (2023 Crop) ကျပ် ၃၅၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) နှင့် ( မတ်ပဲ SQ/RC (2023 Crop) ကွန်တိန်နာ ၃၀ လုံး ( တန်ချိန် ၇၂၀ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့်  (မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၃၅ လုံး ( တန်ချိန် ၈၄၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) လျော့နည်းဝင်ရောက်ခဲ့ပြီး  မတ်ပဲSQ/RC ( 2023 Crop )ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၆၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၁၀၀၀၊ အိမ်မဲ ကျပ် ၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၀၀၀ အသီးသီးဈေးကျဆင်းခဲ့ ပြီး ကျန်ငရုတ်သီးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၈၀၀ ( ၃၆၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၁၉၀ ( ၂၈၅၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၆၀၀(၅၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀၀ (၇၅၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၈၀၀ (၁၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၁၀ ( ၄၆၅၀ ပိဿာ ) နှင့်  ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၃၅၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်းသီး ဈေးများငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊  ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊  ပခုက္ကူကြမ်း ကျပ် ၅၃၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၆၀၀၀၊ ကြံသကာ(စစ်) ကျပ် ၄၂၀၀ နှင့်  သကြား(ပြည်တွင်း)  ကျပ်  ၃၉၃၀  ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၀၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၁၀၀၊ ကြံသကာ(စစ်) ကျပ် ၂၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုး အစားများမှာ ဈေးငြိမ်လျက်ရှိသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News