Local News

ကော့လုံကျွန်းမှ ဖူးစားပြောင်းများလှိုင်လှိုင်ပေါ်၍ ဈေးကောင်းရ

Last Updated:

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လုံကျွန်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စိုက်ပျိုးသော ဖူးစားပြောင်းများ လှိုင်လှိုင်ပေါ်၍ ဘားအံမြို့ပေါ်ရှိဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ဖူးစားပြောင်း တစ်ဖူးလျှင် ၃၀၀°/-၊ တစ်ထောင်ဖိုး ၄ ဖူးဖြင့် လက်လီရောင်းချလျက်ရှိပြီး လက်ကားဈေးနှုန်းမှာ ဂျွန်(ရောရာ) အကြီးအသေးသောင်းပြောင်း တစ်ဖူး ၁၈၀ နှုန်းဖြင့် ရောင်းချကြောင်းနှင့် ကရင်ပြည်နယ်တွင် အစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို ဘားအံမြို့နယ်၊ မိန်းမလှကျွန်း၊ မကျည်းကျွန်း၊ ကော့လုံကျွန်းတို့တွင် အဓိကစိုက်ပျိုး ကြကြောင်းနှင့် ကော့လုံကျွန်းတွင်စိုက်ပျိုးသော ဖူးစားပြောင်းများသာအထွက်စော၍ ဈေးကောင်းရကြောင်း သိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
 

Category: Local News