Local News

စိုက်ပျိုးထုတ်လုပ်သူများ တွက်ချေကိုက်သည့် လက်ဖက်မွှေး

Last Updated:

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ပြည်ပပို့ကုန်အလားအလာရှိသည့် အမယ်သစ်ထုတ်ကုန် လက်ဖက်မွှေးကို စိုက်ပျိုး၍ စိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိနေကြောင်း သိရှိရပါသည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၏ ရာသီဥတု ရေ၊ မြေနှင့် ကိုက်ညီမှုရှိခြင်းကြောင့် လက်ဖက်မွှေးကို မိုးညှင်းမြို့နယ်တွင် စိုက်ပျိုး၍ရရှိကြောင်း၊ အခြားသောမြို့နယ်များတွင် စိုက်ပျိုး၍ မရကြောင်း စိုက်ပျိုးထုတ်လုပ်သူ၏ ပြောပြချက်အရသိရှိရပါသည်။

လက်ဖက်မွှေးကို ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများဖြစ်သည့် မိုးဖြိုင်ဖြိုင်ကျလာသည့် အချိန်များတွင် ကိုင်းဖြတ်၍ စိုက်ပျိုးကြရပြီး၊ စိုက်ပျိုးပြီး (၂)လ ခန့် အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၄၅)ရက်ခြား တစ်ကြိမ် ခူးဆွတ်နိုင်ရာ တစ်နှစ်လျှင် (၇) ကြိမ်၊ (၁) ကြိမ်လျှင် (၅၀)ပိဿာ ခူးဆွတ်ရရှိနိုင်ကြောင်း၊ အရွက်ခြောက်(၁)ပိဿာလျှင် ခြံပေါက်ဈေး ၄၅၀၀၀ ကျပ် ဈေးရှိ၍ (၁)ဧကတွင် (၃၅၀) ပိဿာထွက်ရှိသဖြင့် ရောင်းရငွေမှာ ၁၅၇၅၀၀၀၀ ကျပ်ရရှိကြောင်း သိရှိရပါသည်။

တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု၏ စုစုပေါင်းကုန်ကျစရိတ်မှာ ၁၁၄၇၀၀၀၀ ကျပ်ခန့်ရှိပြီး လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်အဖြစ် ရန်ကုန်သို့ တင်ပို့လျက်ရှိရာ ထုတ်ကုန်‌၏ရောင်းရ‌ ‌ငွေမှာ ၁၅၇၅၀၀၀၀ ကျပ် ခန့်ရရှိ၍ စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ်မှာ ၄၂၈၀၀၀၀ ကျပ်ခန့် ရရှိသဖြင့် စိုက်ပျိုးထုတ်လုပ်သူများ တွက်ချေကိုက်ပြီး ဒေသခံပြည်သူအချို့ အလုပ် အကိုင်ရရှိ၍ အပိုဝင်ငွေတိုးလျက်ရှိကြောင်းသိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

 

 

Category: Local News