Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့အထိ ကုန်ပစ္စည်းအမယ်အလိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

       ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၄၂၀) ယွမ်ဖြင့် တန်ချိန် (၃၂၇၂၅) တန်၊ Iron Concentrate ဈေးနှုန်း တစ်တန်လျှင် (၁၃၂.၅) ဒေါ်လာဖြင့် (၈၀၀) တန်၊ ဖရဲဈေးနှုန်း တစ်တန်လျှင် (၁၅၀) ဒေါ်လာဖြင့် (၂၅) တန် တင်ပို့နိုင်ခဲ့သည်။

       သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ မေလ (၂၃) ရက်နေ့ထိ တန်ချိန်(၂၈၅၉)တန် တင်သွင်းခဲ့သည်။ အခြားသွင်းကုန်များ အနေဖြင့် EMPTY CARGO CONTAINER၊ B/N DIESEL ENGINE ၊ ZINC COATED IRON WIRE ၊ WELDING ROD ၊ BOLT & NUT၊ IRON PIPE ၊IRON SHEET ၊ ARTIFICIAL GRASS၊ CERAMIC TILE PLAINစသည့် အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များတင်သွင်းလျက်ရှိသည်။

     ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။

Source: https://commerce.gov.mm/

Category: Local News