မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးတွေ ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ် ဈေးနှုန်း အပြောင်းအလဲဖြစ်နေသည့်အပြင် ဈေးတွေအဆမတန်မြင့် တက်နေသည့်အတွက် အဝယ်တန့်ခဲ့ပြီးဈေးတွေ ပြန်ကျဆင်းလာတာဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။ လှောင်လက်အများစုက ပဲအတက်ဈေးကိုစောင့်ပြီး ရောင်းချမှုတွေကြောင့် ဈေးကွက်အတွင်း ပဲလက်ကျန်နည်းနေပြီး ဈေးတွေမြင့်တက်နေခဲ့တာဖြစ်တဲ့လို့လည်း
ပဲဈေးတွေ မြင့်တက်နေတာနဲ့ပတ်သတ်ပြီး ဈေးကစားမှု ရှိမရှိ အိန္ဒိယအစိုးရက မြန်မာပဲနှမ်းအသင်းကို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာအချို့မှာ ဖော်ပြထားပါတယ်။ အိန္ဒိယကတော့ မြင့်တက်နေတဲ့ပဲဈေးကို ထိန်းချုပ်ရန်အတွက် သိုလှောင်တာတွေနဲ့ပတ်သတ်ပြီး ကြပ်မတ်နေတာတွေ G to G ဝယ်ယူသွားရနအစရှိသဖြင့် အဖက်ဖက်ကနေ လုပ်ဆောင်မှု တွေရှိနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ၂၃၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၃၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ မုံရွာ၊ ပြ
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်လည်းမရှိပဲ ဈေးတွေက ကျဆင်းနေတာလို့ ပဲကုန်သည်တွေ က ဆိုပါတယ်။ ပဲစင်းငုံနီကတော့ အိန္ဒိယနိုင်ငံရဲ့လိုအပ်ကြောင့် ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရကလည်း ပဲစင်းငုံနီကို မြန်မာနိုင်ငံအပြင် အခြားပြည်ပနိုင်ငံတွေကပါ တင်သွင်းဖို့အတွက် ကြိုးစားဆောင်ရွက်ကာ မကြာခင် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေဖော်ပြပြီး ပဲဈေးမြင့်တက်မှုကို ထိန်းချုပ်နေတာ ကိုတွေ့ရပါတယ်။
လက်ရှိမှာတော့ ပဲစင်းငုံနီက ပြည်တွင်းဈေးကွက်မှာကျဆင်းနေပေ
အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အတက်အကျအနည်းငယ်နဲ့ဈေးငြိမ်နေတဲ့
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းထိပ်စတွေက ဈေးကွက်မရှိပဲ ပဲတီစိမ်းအညာတွေက တော့တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီး နေ့စဉ်အဝင်နဲ့ အဝယ်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာရှိနေပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ကနေ ၅၅၀ ၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များတဲ့အတွက် ဈေးအတက်အကျ အနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။ နေ့စဉ်ဈေးကွက်
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာဖြစ်ပြီး ဒီတစ်ပတ်မှာ လည်း ဆက်ပြီးဈေးမြင့်တက်လာပါတယ်။ဈေး
Source: https://t.me/htwettoe