Local News

မြဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၃-၆-၂၀၂၃)ရက်နေ့မှ (၁၆-၆-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိပါသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ နှမ်း၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ မန်ကျည်းသီး၊ ကွမ်းသီး၊ ဒန့်သလွန်သီးစေ့၊ ဇီးဖြူသီးခြောက်၊ နနွင်း၊ မိဿလင်၊ ရှားစောင်းပင်ခြောက်နှင့် ဖန်ခါးသီးခြောက်တို့ ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ကဏန်းအရှင်၊ ငါးခွေးလျှာ၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ငါးသလောက်နှင့် ငါးဓားလွယ်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ်အထည် အလိပ်များ တင်ပို့လျက်ရှိပါသည်။  

          (၁၃-၆-၂၀၂၃ မှ ၁၆-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ကြက် သွန်နီ၊ နှမ်း၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီး၊ ရေထွက်ကုန်ပစ္စည်း၊ ဒန့်ဒလွန်သီးစေ့၊ နနွင်း၊ ခဲသတ္တု၊ CMP နှင့်အခြားပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန် လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စားသောက် ကုန်ပစ္စည်း၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ တိရစ္ဆာန် အရှင်(ဘဲသားပေါက်)၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material၊ အိမ်သုတ် ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အလှကုန်ပစ္စည်းနှင့် ဓာတ်မြေဩဇာတို့ တင်သွင်းလျက်ရှိပါသည်။  

         (၁၃-၆-၂၀၂၃ မှ ၁၆-၆-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ Garment ၊ ယန္တရားအပိုပစ္စည်း၊ သစ်သီး၊ ဆေးနှင့်ဆေး ပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဓာတ်မြေဩဇာ၊ အိမ်သုတ်‌ဆေးနှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။

       (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃) ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ်ပေါ် ရေးပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၅.၁၁)ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင်လည်း(၈၅.၁၁) ကျပ်သာရှိ၍ ဘတ်စျေးပြောင်းလဲမှုမရှိသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသည့်ကာလနှင့် သင်္ကြန်ရုံးပိတ်ရက် ရှည်ကာလတို့တွင် တင်သွင်းနိုင်မှုမရှိသည့် ကုန်ပစ္စည်းများကို ယခုအခါ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရ ပါသည်။

          (၁၀-၆-၂၀၂၃ မှ ၁၆-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း (၁)တန်လျှင် (၃၀၄.၇၅၃)ဒေါ်လာဖြင့် (၂၄၃၃၁.၁၁၃)တန်၊ (၇.၄၁၅)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁၁.၉၃၄) တန်၊ (၆၅၁၂၁)U၊ (၁.၁၉၇)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (၁၅၈၈.၀၃၇)ဒေါ်လာဖြင့် (၄၇၄.၈)တန်၊ (၀.၇၅၄)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၆၂.၃၂၆)ဒေါ်လာဖြင့် (၁၂၉၆.၄)တန်၊ (၀.၇၂၉)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၁၈၈.၉၁၇)ဒေါ်လာဖြင့် (၁၉၀၀.၃)တန်၊ (၀.၃၅၉)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း) (အစို)(၁)တန်လျှင် (၆၆၈.၃၃၂)ဒေါ်လာဖြင့် (၂၈၁.၂၉၇) တန်(၀.၁၈၈)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၁၅၀၀)ဒေါ်လာဖြင့် (၁၀၀)တန်၊ (၀.၁၅၀)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၅၁.၈၈၄)ဒေါ်လာဖြင့် (၉၀.၂)တန်၊ (၀.၁၄၉)ဒေါ်လာသန်း၊ နှမ်း(နက်)(၁)တန်လျှင် (၁၅၅၆.၆၀၃)ဒေါ်လာ ဖြင့်(၆၃.၆)တန်၊ (၀.၀၉၉)ဒေါ်လာသန်း၊ ကဏန်း(၁)တန်လျှင်(၃၉၀၄.၉၂၃)ဒေါ်လာဖြင့် (၅.၈၉)တန်၊ (၀.၀၂၃) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂) ဘီး တစ်စီး၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိပါသည်။

          (၁၀-၆-၂၀၂၃ မှ ၁၆-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၆.၅၇၄)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၃၈၅)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ(၁.၃၃၆)‌ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၉၂၇)ဒေါ်လာသန်း၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့်သက်ဆိုင်သော ပစ္စည်းကိရိယာများ(၀.၆၈၁)‌ဒေါ်လာသန်း၊ ချည်ထည်များ(၀.၆၂၄) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ(၀.၆၂၁)ဒေါ်လာသန်း၊ဓာတုဗေဒပစ္စည်းများ(၀.၆၀၄)ဒေါ်လာသန်း၊ အခြား စက္ကူများ(၀.၅၇၅)ဒေါ်လာသန်းနှင့် သံနှင့်သံမဏိပစ္စည်းများ (၀.၅၂၂)ဒေါ်လာသန်း တို့ဖြစ်ပါသည်။ သွင်းကုန် ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီး တစ်စီး၏ ကုန်ကျစ်(၁)ပိဿာ စျေးနှုန်း မှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀) ကျပ်ရှိပါသည်။ ရန်ကုန်- ဘားအံ-မြဝတီကုန်သွယ်မှု လမ်းကြောင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News