Local News

တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

Last Updated:

          တမူးကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ (၁၄) ရက်နေ့မှ (၁၈)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၀၉ ဒေါ်လာသန်း၊ စီးကရက် ၀.၂၄၆ ဒေါ်လာ သန်း၊ သွင်းကုန်ပိုင်းတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏအနေဖြင့် ၀.၂၅၅ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဇွန်လ (၁၉)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာ (၂၈၄၂) ကျပ်၊ ၁ဒေါ်လာ (၈၈.၈၁) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

          အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန်(၁၀) မျိုးမှာ ဖိနပ်၊ စောင်၊ ဝေဖာ၊ ကွေကာအုပ်၊ အရုပ်၊ မန်းကျည်းယို၊ ခေါက်ဆွဲ၊ ပလတ်စတစ်ပုံး၊ သုံးဆင့်စင်၊ ငါးသေတ္တာတို့ဖြစ်ပြီး ယခုအပတ် သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ (၁၂) ဘီး (၁) စီးလျှင် (၁၅.၈) တန်ခန့်၊ ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီး (၁) စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-)ထိ ရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဆီးယိုထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ (၁၂)ဘီး(၁)စီးလျှင် (၈)တန်ခန့်၊ ကုန်ပိဿာအနေဖြင့် (၄၈၀၀ မှ ၅၀၀၀)ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂)ဘီး(၁) စီးလျှင် (၁၁၀၄၀၀၀/- မှ ၁၁၅၀၀၀၀/-)ထိ ရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစား ဓာတ်မြေသြဇာအား တစ်အိတ်လျှင်(၄၅/၅၀)Kg၊ အိတ်ရေ (၃၀၀)ခန့်ဖြင့် (၁၂)ဘီး (၁)စီးလျှင် (၁၆) တန်ခန့် တင်ဆောင်နိုင်ပြီး ကလေး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ (၁၂)သိန်းရှိကြောင်း သိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင် (၃၀) Kg၊ အိတ်ရေ(၁၄၀) ခန့်ဖြင့် (၆)ဘီး(၁)စီးလျှင် (၄) တန် ခန့် တင်ဆောင်နိုင်ပြီး တမူး- မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀) သိန်း ခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

          အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာဈေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစား အလိုက် ကားခဈေးနှုန်းမှာ ကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွတစ် ပိဿာလျှင် (၁၇၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ (၁၂) ဘီးယာဉ် အမျိုးအစား (၁) စီးလျှင် ကုန်ကျစ် ဖြစ်ပါက (၁၅.၈) တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈)တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂)ဘီးယာဉ် အမျိုးအစား (၁)စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀ မှ ၁၀၀၀၀) ပိဿာထိ တင်ဆောင် နိုင်ပြီး (၁)တန်သယ်ယူစရိတ်မှာ (၉၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀ မှ ၅၀၀၀) ပိဿာထိ တင်ဆောင်နိုင်ပြီး (၁)တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀) ကျပ်ဖြင့်လည်းကောင်း သယ်ယူ ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀  မတ်လ ၁၀ ရက်မှ စ၍ ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူးကီး (ချင်း) လူမျိုးများနှင့် ကသဲလူမျိုးများအကြား အဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်း သိရှိရပြီး လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခြေအနေမှာ ပုံမှန်ကူးသန်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News