Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

          မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၁၁ ) ရက်နေ့မှ( ၁၈ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး   အမေရိကန်ဒေါ်လာ (၀.၂၁၆)   ဒေါ်လာသန်း၊   သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ (၀.၀၈၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၉၇) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ ( ၁၁ ) ရက်နေ့မှ( ၁၈ ) ရက်နေ့ အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၆.၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃) သန်း၊ ငှက်ပျောသီး (၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ ဆီအုန်းကြိတ်ဖတ် (၂၀၀.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈) သန်း၊ ပုဇွန် (၀.၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄) သန်း၊ ကဏန်း (၅.၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂) သန်း၊ တံမြက်စည်း (၁၆၂၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း၊ တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ ငါးစာ (၁၈၈.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၇) သန်း၊ ပုဇွန် သားပေါက် (၂၆၉၈၄၀၀) U ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀) သန်း၊ ကြွေပြား (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း၊ အသီးများ (၄.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ   (၀.၀၀၁) သန်း နှင့် ငါးသေတ္တာဘူးခွံ (၅.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁ ) သန်းတင်သွင်းနိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၁၈၃.၉၂) ဒေါ်လာနှုန်း၊ (၅၆.၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃) သန်း၊ ငှက်ပျောသီး (၃၀၃.၁၆) ဒေါ်လာနှုန်း၊ (၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ ဆီအုန်းကြိတ်ဖတ် (၈၈.၃၅) ဒေါ်လာနှုန်း၊ (၂၀၀.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈) သန်း၊ ပုဇွန် (၁၉၉၄၁) ဒေါ်လာနှုန်း၊ (၀.၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄) သန်း၊ ကဏန်း (၄၁၈၇.၇၃) ဒေါ်လာနှုန်း၊ (၅.၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂) သန်း၊ နှင့် တံမြက်စည်း (၁) U လျှင် (၀.၂) ဒေါ်လာနှုန်း၊ (၁၆၂၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း ဖြစ်သည်။       

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၆၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင်ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၆-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၁၈၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၈၄.၇၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျဆင်းနေကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News