Local News

မြိတ်ဒေသတွင်ကုန်သွယ်မှုအခြေအနေ

Last Updated:

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့်  (၇.၂၀) တန်၊ တန်ဖိုး (၁၃၁၀၄.၀၀၀) ဒေါ်လာနှင့် မုတ်ခွံ တစ်တန်လျှင် (၁၆၆.၄၈) ဒေါ်လာနှုန်းဖြင့်  (၃၁.၀၀) တန်၊ တန်ဖိုး (၅၁၆၆၀.၈၄၀) ဒေါ်လာ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ တန်ဖိုး (၆၄၇၆၄.၈၄) ဒေါ်လာအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင် သို့တင်ပို့လျက်ရှိပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပါသည်။

       တနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးစွဲရန်လိုအပ်သည့် စက်သုံးဆီများအားထိုင်း နိုင်ငံမှတင်သွင်းလျက်ရှိရာဇွန်လ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း ဒီဇယ်ဆီ တစ်တန်လျှင် (၇၅၉.၃၀၀) ဒေါ်လာနှုန်းဖြင့်  (၁၀၀) တန်၊ တန်ဖိုး (၇၅၉၃၀.၀၀၀) ဒေါ်လာ နှင့် ပုစွန်စာ တစ်တန်လျှင် (၁၂၀၆.၃၃၄) ဒေါ်လာနှုန်းဖြင့် (၆၀.၀၀)တန် ၊ တန်ဖိုး (၇၂၃၈၀.၀၃၀) ဒေါ်လာ ဖြင့်  စုစုပေါင်းတန်ဖိုး (၁၄၈၃၁၀.၀၃) ဒေါ်လာ တင်သွင်းနိုင်ခဲ့ ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၂၇၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၇၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၈၅.၀၀) ကျပ် ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News