Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (18-6-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (18-6-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (6.695) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.880) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (8.575) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကျောက်စိမ်း (၇၉.၃၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၅.၈၀၄) သန်း၊ ငါးရှဉ့် (၅၇.၉၆၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၀၇) သန်း၊ သရက်သီး (၃၂၃.၂၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၈) သန်း၊ ကြက်သွန်နီ (၃၇၁.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈) သန်း၊ ကဏန်း (၂၆.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၂) သန်း၊ ပုစွန်ဖွဲ (၁၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊ ဝါဂွမ်း (၃၂.၁၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၇) သန်း၊ ဆန်ကွဲ (၁၃၄.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၄) သန်း၊ နနွင်းတက် (၁၀၂.၈၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၄) သန်း၊ ဆန် (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

      အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ  တန်ဖိုး ကန်ဒေါ်လာ (၀.၃၅၁) သန်း၊ သံဘောင် တန်ဖိုးကန်ဒေါ်လာ (၀.၁၀၀) သန်း၊ လက်တွန်းထွန်စက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၈) သန်း၊ ကားတာယာ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၃) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈) သန်း၊ သံဇကာ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀) သန်း၊ ကျောင်းသုံးဗလာစာအုပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ ဓာတုဗေဒ ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄) သန်း၊ ဘက္ထရီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်းတို့ဖြစ်ပါသည် ။

       ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၁၈) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၆.၆၄၈) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃၅.၅၇၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၆၂.၂၂၄) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၅.၄၀၆) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှု     လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါ သည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

        (၁၂-၆-၂၀၂၃) ရက်နေ့ မှ (၁၈-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံး  အမှန်တင်ပို့ခဲ့သည့်  ပို့ကုန်ပစ္စည်းများမှာ   ကျောက်စိမ်း (၇၉.၃89) တန်၊ တန်ဖိုး ကန်ဒေါ်လာ   (၅.၈၀၄)   သန်း၊ငါးရှဉ့်(၃၀၃.၁၆၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၁.၀၉၀) သန်း၊ ဝါဂွမ်း (၅၄၈.၁၅၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၉၈၄) သန်း၊ ကဏန်း  (၂၀၀.၁၂၅) တန်၊ တန်ဖိုး(၀.၈၄၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၅၅၂.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၈၃၉) သန်း၊ သရက်သီး (၁၆၅၁.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၉၉) သန်း၊ ဆန်ကွဲ (၁၄၉၄.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၆၀၁) သန်း၊ ကြေးနီ (၁၀၁.၇၀၀) တန်၊ တန်ဖိုး (၀.၂၉၆) ဒေါ်လာသန်း၊  ပုစွန်ဖွဲ (၆၁၂.၇၅၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၉၄) သန်း၊ ခဲသွပ် အရောသတ္တု (၃၄၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၅၂) သန်းတို့ ဖြစ်ပါသည်။

     (၁၂-၆-၂၀၂၃) ရက်နေ့မှ (၁၈-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၂.၂၄၃) သန်း၊ ဒီဇယ်/ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၇၈၁) သန်း၊ CMP စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ (၀.၆၁၃) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၄၀၉) သန်း၊ ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၃၄၀) သန်း၊ သံပိုက် တန်ဖိုးကန်ဒေါ်လာ (၀.၂၂၉) သန်း၊ အလူမီနီယံသံဘောင် တန်ဖိုးကန်ဒေါ်လာ (၀.၁၉၄) သန်း၊ ဓာတ်မြေဩဇာ တန်ဖိုးကန်ဒေါ်လာ (၀.၁၈၂) သန်း၊ အစားအစာထုပ်ပိုးသည့် ပလပ်စတစ်အကြည်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၈) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၇) သန်းတို့ ဖြစ်ပါသည်။

        (၁၂-၆-၂၀၂၃) ရက်နေ့ မှ (၁၈-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များအား ကျောက်စိမ်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၃၁၀၄.၆၀၂) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၉၅.၃၁၀) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၉၅.၇၂၈) နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၁၆.၈၃၃) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၂၈.၈၈၈) နှုန်း၊  သရက်သီး (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂.၉၈၁) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၂.၁၉၅) နှုန်း၊ ကြေးနီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၉၀၉.၉၁၄) နှုန်း၊ ပုစွန်ဖွဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၀.၂၅၅) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန်လျှင် အမေရိကန် ဒေါ်လာ (727.300) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News