Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၁၄ မှ ၁၈ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်  မြေထောက်ပဲတန်ချိန် (၆၆.၀၀)တန်၊ တန်ဖိုး (၀.၀၉၈) ဒေါ်လာ သန်း၊ ဆန်ကွဲတန်ချိန် (၁၇၀.၂၅)တန်၊ တန်ဖိုး (၀.၀၇၀)ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၃၅)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော တန်ချိန် (၉၆.၀၀)တန်၊ တန်ဖိုး (၀.၀၃၂)ဒေါ်လာသန်း၊ ဆန်တန်ချိန် (၆၃.၀၀)တန်၊ တန်ဖိုး (၀.၀၂၉)ဒေါ်လာသန်းနှင့် ပြောင်း တန်ချိန် (၆၀.၀၀)တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်းတို့ အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန် ပစ္စည်းဈေးနှုန်းများအနေဖြင့်မြေထောက်ပဲတစ်တန်လျှင် (၁၄၈၇)ဒေါ်လာ၊ဆန်ကွဲတစ်တန်လျှင် (၄၀၉)ဒေါ်လာ၊ ထောပတ်ပဲတစ်တန်လျှင် (၁၀၅၄)ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၃၅) ဒေါ်လာ၊ ဆန်တစ်တန်လျှင် (၄၆၅)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၀၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင်(၇၂)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ကုန်စုံတန်ချိန် (၆၇.၃၅)တန်၊ (၄၄၇၉)U၊ တန်ဖိုး (၀.၁၀၃) ဒေါ်လာသန်း၊ ထွန်စက်အရေအတွက် (၆၆)U၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းတန်ချိန် (၄၃.၀၂)တန်၊ (၅၂၈)U၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ပိတ်လိပ် တန်ချိန် (၈၈.၇၀)တန်၊ တန်ဖိုး (၀.၀၅၃)ဒေါ်လာသန်း၊ သကြားစက်ဆက်စပ်ပစ္စည်း အရေအတွက် (၁၈)U၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်း တန်ချိန် (၅၇.၉၅)တန်၊ (၂၇၀၀)U၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊ပီနံအိတ်တန်ချိန် (၅၀.၀၀)တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများတန်ချိန် (၁.၈၀)တန်၊ (၃၅၆)U၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ ဂျပ်စက္ကူ တန်ချိန် (၅၆.၀၀)တန်၊တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်း၊ ဓါတ်မြေဩဇာတန်ချိန် (၅၀.၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၆၀၂)ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၇၉၈)ဒေါ်လာ၊ ဂျပ်စက္ကူတစ်တန်လျှင် (၃၄၉)ဒေါ်လာ၊ ဓါတ်မြေဩဇာ တစ်တန်လျှင် (၂၅၀)ဒေါ်လာရှိ၍လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂) ဘီးယာဉ် (၁) စီးလျှင် ကုန်ကျစ် (၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀) ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပြီး ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိပါသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၆-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၁၃) ကျပ်ဖြစ်ခဲ့ပြီး ၁၈-၆-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၁၇)ကျပ်ထိမြန်မာကျပ် ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News