Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

          ဇွန်လစတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းသေး၊ ပဲယင်းဝါ၊ Cp ပြောင်းဖူးစေ့ဈေးငြိမ်၍ ပဲစဉ်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲတီစိမ်းကြီး၊ ပဲကြီး၊ ပဲပုတ်စေ့၊ 929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းကျဆင်းသွားပြီး၊ ဂျုံဖြူသန့်၊ မတ်ပဲ၊ မြေထောက်ပဲ(ဖြူ)၊ ပုဂံပဲဈေးနှုန်းများ မြင့်တက်သွားသည်။ ဇွန်လစတုတ္ထပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ ပဲစင်းငုံ (၉၆၀၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀-၆၂၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၅၆၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၁၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀) ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၄၀၀၀) ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၆၅၀၀၀-၇၂၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၉၈၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်ပတ်တွင် ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့်တစ်တင်းလျှင် (၅၃၅၀၀-၅၂၅၀၀)ကျပ်၊ ပဲစင်းငုံတစ်တင်း လျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြားတစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀) ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀) ကျပ်၊ ပဲပုတ်စေ့ (၇၂၅၀၀-၇၃၅၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၉၉၀၀၀-၁၀၀၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ပဲတီစိမ်းသေး၊ ပဲယင်းဝါဈေးငြိမ်၍ ပဲစဉ်းငုံတစ်တင်းလျှင် (၆၀၀၀)ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၂၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုးတစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲပုတ်စေ့တစ်တင်းလျှင် (၁၅၀၀)ကျပ်နှုန်း ကျဆင်းသွားပြီး၊ ဂျုံဖြူသန့်တစ်တင်းလျှင် (၅၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၁၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်းလျှင် (၂၀၀၀)ကျပ်နှင့် ပုဂံပဲ တစ်တင်းလျှင် (၄၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

          ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၅၅၀၀)ကျပ်၊ 929  (၈၅၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၀၀၀၀)ကျပ်၊ 929  (၈၈၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက 929 တစ်တင်းလျှင် (၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးတစ်တင်းလျှင် (၄၅၀၀)ကျပ်နှင့် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။ CP ပြောင်းဖူးစေ့တစ်တင်းလျှင် (၁၉၈၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေး နှုန်းမှာ CP ပြောင်းဖူးစေ့တစ်တင်းလျှင် (၁၉၈၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်း ဖူးစေ့ ဈေးငြိမ်နေကြောင်း သိရပါသည်။

Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News