Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသောဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

          ဇွန်လဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညိုနှင့် နှမ်းဖြူဈေးနှုန်းများ ကျဆင်းနေပြီး မြေပဲလုံး ဆံဖြူ၊ မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ယခုပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၈၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ(သ/ဟ) တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ)တစ်တင်းလျှင် (၁၀၀၀၀၀-၈၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းညို၊ နှမ်းနက်နှင့် နှမ်းဖြူဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

         ယခုပတ်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲ လုံးဆံနီ တစ်ပိဿာ (၈၆၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၇၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၈၀၀-၈၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၆၈၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူ အနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News