စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့၊ ပန်းနှမ်းစသော သီးနှံများ စိုက်ပျိုးရန်လျာထားပါသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြေပဲစိုက်ပျိုးရန် ဧက ၈.၈ သိန်းကျော်လျာထားပြီး မိုးမြေပဲကို ဧက ၃.၇ သိန်းကျော်နှင့် ဆောင်းမြေပဲကို ဧက ၅ သိန်းခန့် စိုက်ပျိုးရန် လျာထားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးမြေပဲကို ယနေ့အထိ ဧကပေါင်း ၃ သောင်းကျော် စိုက်ပျိုးပြီးစီး နေကြောင်းသိရပါသည်။ ရွှေဘိုခရိုင်တွင် ဧက ၁ သောင်းကျော်နှင့် ရေဦးခရိုင်တွင် ဧက ၆ သောင်း ကျော်စိုက်ပျိုးပြီး မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်တို့တွင်လည်း စိုက်ပျိုး နေကြောင်းသိရပါသည်။
မုံရွာကုန်စည်ဒိုင် ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော မြေပဲဆံဈေးနှုန်းများမှာ မြေပဲလုံး ဆံနီ တစ်ပိဿာလျှင် ၉၃၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၀၃၀၀ ကျပ်ရှိ နေပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၃၀၀ ကျပ်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ခန့်အနည်းငယ်မြှင့်တက်ခဲ့ပါသည်။ မြေပဲဆီဈေးနှုန်း ပဲဆီ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်နှင့် ပဲဖတ် တစ်ပိဿာလျှင် ၄၆၇၅ ကျပ် ရှိနေကြောင်း မုံရွာကုန်စည်ဒိုင် မှ သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး