Local News

မွန်ပြည်နယ်ဈေးကွက်အတွင်း ရာသီပေါ် ပန်းထိမ်ငိုပန်း ဈေးကောင်းရ

Last Updated:

ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းမှာ စိုက်ပျိုးရ လွယ်ကူသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ ခြောက်လက်မခန့် ရိုးတံများ၊ မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင်အပွင့်များ ရရှိနိုင်ကြောင်း၊ သားတက်များမှ တစ်ဆင့် မိုးရာသီတစ်လျှောက်လုံးအပွင်ထွက်ပြီး ပထမနှစ်တွင် အပွင့်သေးလေ့ရှိသော်လည်း နောက်ပိုင်းနှစ်များတွင် အပွင့်ကောင်း(လှ)ကြောင်း၊ စိုက်စံနစ် ပုံသေ မရှိဘဲ စိုက်ပေါင်များ၊ အိုးများ၊ အထပ်ထပ်စင်များပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်းနှင့် အိုးများဖြင့် စိုက်ပျိုးထားပါက နောင်နှစ်မိုးရာသီတွင် သားတက်များမှ အပင်ပြန်ထွက်ကြောင်း သိရှိရသည်။
သဲနုန်းမြေကိုကြိုက်နှစ်သက်ပြီး မြေဩဇာအနည်းငယ်နှင့် သစ်ရွက်ခြောက်များ အထူးသဖြင့် မန်ကျည်းရွက်ခြောက်များကို နှစ်သက်ကြောင်း၊ အကြမ်းခံသောအပင်ဖြစ်ပြီး ပူအိုက် စွတ်စိုသော ရာသီဥတုကို နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်ကြောင်း၊ ခရမ်းရောင်၊ ရိုးရိုးအဖြူရောင်၊ နှစ်ထပ်ပန်းထိန်မနိုင်ပန်းဟူ၍ သုံးမျိုးခွဲခြားနိုင်ကြောင်း၊ မော်လမြိုင်မြို့ပေါ်တွင် ပန်းထိမ်ငို(ပန်းထိမ်မနိုင်) ပန်းအဖြူ၏ ရာသီပေါ်ဈေးနှုန်းမှာ ၁၀ ပွင့်တစ်စည်း ကျပ် ၁၀၀ဝ၀ ဈေးပေါက်နေပြီး တစ်ခက်လျှင် ၂၀၀၀ ကျပ် ဖြင့် ဈေးကောင်းရရှိကြောင်း ပန်းဈေးကွက်မှ သိရှိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News