Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

   ဇူလိုင်လ၏ စတုတ္ထပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် (၁၃၅၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီ များ ဒေသတွင်းအဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့ လျက်ရှိကြောင်းသိရသည်။

   ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၅၀)ကျပ်၊ (လတ်) (၂၀၀၀-၁၈၅၀) ကျပ်၊ (သေး) (၁၆၀၀-၁၄၀၀) ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီလက်လီဈေးနှုန်းများမှာ(ကြီး)(၂၅၀၀-၂၃၀၀)ကျပ်၊(လတ်)(၂၂၅၀-၂၁၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀) ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ (ဗမာ) (၈၅၀၀-၉၂၀၀)ကျပ်၊ (ရှမ်းစ) (၇၀၀၀-၈၀၀၀)ကျပ်၊ ကြူ ကုတ် (၇၀၀၀-၈၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၈၇၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၆၀၀-၈၇၀၀)ကျပ်၊ ကြူကုတ် (၇၅၀၀-၈၆၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီး အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News