Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင်(၁၇-၇-၂၀၂၃ မှ ၂၁-၇-၂၀၂၃ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ၊ ဆိပ်ဖြူရှယ် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၉၅၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၁၉၅၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀၊ မုံရွာရှယ် ကျပ် ၂၁၀၀ ၊ မုံရွာလတ်ကြီး ကျပ်  ၁၉၅၀၊ မုံရွာ လတ်သန့်  ကျပ် ၁၉၅၀ နှင့်  မုံရွာလတ်ချော ကျပ် ၁၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီ များ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင် ရောက်မှုမှာ   ယခင်အပတ်က ကားစီးရေ ၉၇စီး (၅၈၂၀၀၀ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၉၂ စီး (၅၅၂၀၀၀ပိဿာ) ဝင်ရောက်ခဲ့ သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၅ စီး (၃၀၀၀၀ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၇၂၀၀၊ အောင်ပန်း ထူး-၂  ကျပ် ၇၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၇၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၇၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်  ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ ပြီးကျန် ကြက်သွန်ဖြူဈေးများ ငြိမ်လျက်ရှိပါသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၀၀၀ (၆၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၇၀၀ (၅၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၃၀၀ ( ၉၀၀၀ ပိဿာ ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

SWTun (Domestic(Ygn) MITC

Category: Local News