မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ငါးမှုန့်တစ်တန်လျှင် (၉၁၁) ဒေါ်လာနှုန်းဖြင့် (၆၄၅) တန်၊ တန်ဖိုး (၀.၅၈၈) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၆၁၄) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ (၁၈) ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှု ပုဇွန်စာ တစ်တန်လျှင်ဒေါ်လာသန်း(၂၉၇) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန် ၊ တန်ဖိုး (၀.၀၅၃) တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပသည်။
Source: https://commerce.gov.mm