Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ ၁၉ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၃၀.၅၈၁) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၄၇.၁၁၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၇၇.၆၉၈)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၉-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၃၅) တန်၊ တန်ဖိုး (၀.၀၇၇)ဒေါ်လာသန်း၊ သတ္တု(Lead Sulphide) (၉၇) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ကတ်ထူစက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခင်လများ၌ တင်ပို့ခြင်းမရှိခဲ့သော သတ္တု (Lead Sulphide) (၉၇) တန်တင်ပို့နိုင်ခဲ့ပါသည်။  သတ္တုနှင့် သတ္တုရိုင်းသည်  တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ အကောက်ခွန် ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၀-၉-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၃၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ၁၉-၉-၂၀၂၃ ရက်နေ့ တွင်သွင်းကုန် (၀.၂၇၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဒီဇယ် (၇၈၆) BBL၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၉၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၂) သန်း၊ မီးခံအုတ် (၇၃.၃၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၁၇၈.၉၉) တန်၊ တန်ဖိုး ကန် ဒေါ်လာ(၀.၀၄၃) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၂၈)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း နှင့်အခြားပစ္စည်းများ ကန်ဒေါ်လာ (၀.၀၃၉) သန်း တင်သွင်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News