Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့ မှ (၁၉)ရက်နေ့အထိ ကုန်သွယ်မှုသတင်

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့မှ (၁၉)ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၈.၅၉၈) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၃၈၇) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၀.၉၈၅)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ (၁၈၄၀.၃၅)တန်၊ တန်ဖိုး (၂.၂၄၃) ဒေါ်လာသန်း၊ ပဲယင်း(၁၇၈၀.၉၀)တန်၊ တန်ဖိုး (၁.၃၈၁)ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၄၇၈.၅၀)တန်၊ တန်ဖိုး (၁.၁၃၈)ဒေါ်လာသန်း၊ ပြောင်း (၂၂၉၄.၀၀)တန်၊ တန်ဖိုး (၀.၆၄၄) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၈၃၅.၀၀) တန်၊ တန်ဖိုး (၀.၅၁၆) ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၀၀.၅၀) တန်၊ တန်ဖိုး (၀.၄၄၇) ဒေါ်လာသန်း၊ ပဲနီကြား (၇၄၈.၀၃၄)တန်၊ တန်ဖိုး (၀.၃၉၅)ဒေါ်လာသန်း၊ ဆန်ကွဲ (၇၂၈.၀၀)တန်၊ တန်ဖိုး (၀.၂၉၄) ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၄၁.၉၈၉)တန်၊ တန်ဖိုး (၀.၂၆၄)ဒေါ်လာသန်း နှင့်နှမ်း(နက်) (၁၂၉.၃၅)တန်၊ တန်ဖိုး (၀.၂၀၈)ဒေါ်လာသန်းနှင့်တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ချည်ထည်များ (၅.၀၄၉) ဒေါ်လာ သန်း၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၃.၀၉၂)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၁.၂၅၁)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၀.၇၁၅)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၅၄၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၃၆၃) ဒေါ်လာသန်း၊ သားရေ၊ သားရေတု ဖြင့်ပြုလုပ်သောပစ္စည်းများ (၀.၂၃၄)ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၈၀)ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၁၇၃)ဒေါ်လာသန်းနှင့် ဆေးဝါးပစ္စည်းများ (၀.၁၃၉)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာ လျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News