Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ စက်တင်ဘာလ(၁)ရက်မှ(၁၉)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်း ဖြစ်သည်။ စက်တင်ဘာလ (၁၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၈၃၄) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၂) ဒေါ်လာသန်း၊ စုစုပေါင်း  (၁.၃၃၆)  ဒေါ်လာသန်းဖြစ်  သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၃၁.၈၁၀%) ဆောင်ရွက်ပြီးဖြစ်သည်။

စက်တင်ဘာလ (၁၉) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့သည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၄၁၇) တန်၊ တန်ဖိုး (၈၃၃၆၇၈) ဒေါ်လာတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၁၇.၀၀၀) တန်၊ တန်ဖိုး (၁၁၈၉၂.၉၆၀) ဒေါ်လာ၊Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၄၄.၅၀၀) တန်၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၃.၀၀၀) တန်၊ တန်ဖိုး (၁၄၈၂၃.၁၉၇) ဒေါ်လာ၊ တန်ဖိုး (၃၅၆၁၁.၆၃) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၉.၅၀၀)တန်၊ တန်ဖိုး(၁၉၆၄၀.၄၆၀) ဒေါ်လာ၊ ပန်းသီးတစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန်(၂၀.၈၀၀)တန်၊ တန်ဖိုး (၉၅၃၇.၉၀၀) ဒေါ်လာ၊ လိမ္မော်သီး တစ်တန်လျှင် (၂၃၀)ဒေါ်လာဖြင့် တန်ချိန်(၄၇.၈၀)တန်၊ တန်ဖိုး (၁၅၃၃၅.၃၈) ဒေါ်လာ၊  Ceramic Tile Plain  ဈေးနှုန်း (1 M2) လျှင် (၄.၁) ဒေါ်လာဖြင့် (၁၂၀၂၀) M2၊ တန်ဖိုး (၄၅၉၀၂.၃၄၃) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်းနိုင်လျက်ရှိပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News