Local News

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အင်းများမှ ထွက်ရှိသော ငါးရံ့များကို ငါးခြောက်လှမ်း၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အောက်ဟိတ်‌ကျေးရွာဘက်မှ ငါးရံ့ခြောက်များ ထွက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ မအူပင်မြို့နယ်၊ အခွန်လွတ်ဈေးတွင် ငါးရံ့ခြောက်ကိုယ်တိုင်ပြုလုပ်ရောင်းချသူမှ လာရောက်ရောင်းချလျက်ရှိပြီး၊ ထွက်ရှိသော ငါးရံ့များမှာ အင်းအိုင်များမှ ငါးရံများဖြစ်ကြောင်း၊ ငါးရံခြောက်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း ရောင်းချနေကြောင်းနှင့် ငါးရံ့ခြောက် တစ်ပိဿာလျှင် အကောင်သေး ၆၀၀၀ ကျပ်၊ အကောင်လတ် တစ်ပိဿာ ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း စတင်ရောင်းချလျက်ရှိကြောင်း သိရှိသည်။ ငါးရံ့များ ပိုမိုထွက်ရှိလာပါက ဈေးနှုန်းအနည်းငယ် ကျမည်ဖြစ်ကြောင်း၊ ယခင်နှစ် ဈေးအနေဖြင့်လည်း ယခုဈေးအတိုင်းသာ ရောင်းချပါကြောင်းနှင့် ဈေးနှုန်းကြီးမြင့်လာမှုမရှိပဲ ငါးရံ့ဈေးပေါ်မူတည်၍ ဈေးနှုန်းများ ပြောင်းလဲလာနိုင်ကြောင်း  သိရှိရသည်။
source: https://www.doca.gov.mm

Category: Local News