Local News

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမြင့်တက်လာသည့် အခြေအနေ

Last Updated:

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်)တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ချင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၆၁၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ ရေပေါင်းခြမ်းတစ်ပိဿာလျှင် ၄၄၀၀ ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်)တစ်ပိဿာလျှင် ၅၄၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၆၄၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက် (အလယ်သား) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ချင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြစ်သည်။

ထို့ကြောင့် ယခင်လကွမ်းသီးဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၄၀၀ ကျပ်နှင့် ၅၀၀ ကျပ်အတွင်း ဈေးနှုန်းမြှင့်တက်ကြောင်းသိရသည်။ ကွမ်းသီးဈေးနှုန်းမြင့်တက်လာရခြင်းမှာ အသီးထွက်ရှိသည့် ရာသီကုန်ဆုံးခြင်းနှင့် ဒေသတွင်းကွမ်းသီးဝယ်လက်များပြားနေခြင်းတို့ကြောင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News