Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၉-၂-၂၀၂၄ မှ ၂၄-၂-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၁၂၅၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၃၄၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC (2024 Crop) ကျပ် ၃၈၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၉၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၁၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၈၅၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၀၀၀၀၊ မြှားနီ ကျပ် ၈၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၂၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၅၀၀ ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၅၇၀၀(၁၁၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၇၀၀ ( ၁၀၅၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၈၀၀၀(၁၆၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၆၀၀  (၂၄၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၃၀၀ (၄၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၉၀၀(၁၃၅၀၀ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၁၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၅၀၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၂၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများ ငြိမ်လျက် ရှိကြောင်းသိရသည်။ 
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၄၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၇၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၉၈၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၃၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၃၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၇၀ အသီးသီးဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။ 
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၄၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၃၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၂၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၁၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၈၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၁၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၀၀၊  မြစ်သားသစ်ရှယ် ကျပ် ၄၀၀၊ မြစ်သားလတ်ကြီး ကျပ် ၅၀၀၊ မြစ်သားလတ်သန့် ကျပ် ၃၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၄၀ စီး(၈၄၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၉ စီး (၇၇၄၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၁ စီး ( ၆၆၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိ ရသည်။  

ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၂၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၆၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၇၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၇၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၈၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၆၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၅၀၀ (၁၀၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၅၂၀၀ (၁၅၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၇၀၀ (၅၁၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး 

 

Category: Local News