Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်မှ  ၂၂ ရက်နေ့ အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်ကွဲ၊  ပြောင်း၊ ဆန်နှင့် ကြိမ်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၇၆၄၈၀၃.၉၃၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉  ရက်မှ  ၁၅ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၅၈၀၆၈၅.၈၁၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၈၄၁၁၈.၁၂၀ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ 

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်မှ  ၂၂ ရက်နေ့အတွင်း ချည်ထည်များ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်း (သတ္တုမှအပ) များ၊ အပ်ချည်ကြိုးများ၊ သံနှင့် သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ဓါတ်မြေဩဇာ၊ သံပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၆၂၄၉၁၀.၄၂၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉  ရက်မှ  ၁၅ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၅၀၁၂၇၂၄၇၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ် ပါက ၁၂၃၆၃၇.၉၅၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၃၉၈၉၃.၅၁၀ ကန်ဒေါ်လာတန်ဖိုးပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၆.၅၃  ကျပ် ရှိကြောင်းသိရှိရပါသည်။    

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး
 

Category: Local News