Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်မှ  ၂၂  ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၇၆၄၈၀၃.၉၃၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၆၂၄၉၁၀.၄၂၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်ကွဲ၊  ပြောင်း၊ ဆန်နှင့် ကြိမ်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၄၇၉၈၉၁.၃၀၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၂၈၄၉၁၂.၆၃၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ   ချည်ထည်များ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်‌ရေးပစ္စည်းများ၊ အပ်ချည်ကြိုးများ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ဓါတ်မြေဩဇာ၊ သံပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၄၆၇၇၀.၂၉၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၃၇၈၁၄၀.၁၃၀ တင်သွင်းမှု ရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၄၉ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၆.၅၃  ကျပ် ရှိကြောင်းသိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News