Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၁၆-၉-၂၀၂၃) မှ (၂၂-၉-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၀၂၂၈ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် အုန်းသီးခြောက် တန်ချိန် ၄၀ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ အုန်းသီးခြောက် တန်ချိန် ၃၅ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် အုန်းသီးခြောက်တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ ကြောင်းသိရပါသည်။ ယခုအပတ်အုန်းသီးခြောက် တင်ပို့နိုင်မှုငွေပမာဏမှာ ၁၂၀၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်းတန်ချိန် ၃၁ ဒဿမ ၆၃၂ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်းတန်ချိန် ၈ ဒဿမ ၄တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်းတန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ်ငါးမြစ်ချင်း တင်ပို့နိုင်မှု ငွေပမာဏမှာ ၄၀၄၆၃ ဒဿမ ၅၂၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News