Local News

ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီများ စတင်စိုက်ပျိုး

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်သီးနှံကို ခရိုင်အတွင်း (၁၉၉၄) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၏ စာရင်းများအရ သိရသည်။ စက်တင်ဘာလ (တတိယပတ်)မှစ၍ ကြက်သွန်နီများကို မြစ်သားမြို့နယ်အတွင်းရှိ ကသဲကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် ရွှေကြာအင်းကျေးရွာများတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၁,၅၀၀,၀၀၀) ကျပ် ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးနှင့် ရွှေဖလား ထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုနည်းလမ်းများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းများရှိသကဲ့သို့ ပျိုးထောင်ချိန်မရသော တောင်သူများမှာ ပျိုးပင်တစ်ဘောင်လျှင် (၂၀၀,၀၀၀) ကျပ်ဖြင့် ပျိုးပင်များ ဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ရာသီဥတုအနေဖြင့် မိုးရွာသွန်းမှုများရှိသောကြောင့် ကြက်သွန်နီစိုက်ပျိုးမှုအတွက် အထောက်အကူဖြစ်ရာ ကြက်သွန်နီစိုက်ပျိုးမှု အကောင်းဆုံးအချိန်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News