Local News

ကချင်ပြည်နယ် ဒေသထွက်တည်သီးဈေးနှုန်း

Last Updated:

      ကချင်ပြည်နယ်တွင် တည်သီးအပင်များကို ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ စိန်လုံတောင် တန်းဒေသကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ တည်သီးတွင်ကယ်လိုရီနှင့် အဆီဓာတ် ပါဝင်မှုလျော့နည်းပြီး၊ ဂလူးကို့စ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ ပျော်ဝင်လွယ်သော အမျှင်ဓာတ်နှင့် ဆန့်ကျင်ဓာတ်တိုးပစ္စည်းများ ကြွယ်ဝစွာပါရှိခြင်းကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူ ဖြစ်စေကြောင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးကြောင်းသိရှိရပါသည်။ တည်သီးများကို အသီးမမှည့်ခင် အရောင်ဖျော့ဖျော့အချိန်တွင် အပင်ပေါ်မှခူးဆွတ်ထားရကြောင်း သိရှိရပါသည်။ ဒေသထွက်တည်သီးများသည် အောက်တိုဘာလပိုင်းမှစ၍ ဈေးကွက်ထဲသို့ဝင်ရောက်လာပြီး မြစ်ကြီး နားမြို့၏ သစ်သီးအ‌ရောင်းဆိုင်များတွင် တည်သီးတစ်လုံးလျှင် (သေး) ၈၀၀ ကျပ်၊ (ကြီး) ၁၀၀၀ ကျပ် ဈေးဖြင့်ရောင်းဝယ်လျက်ရှိ ကြောင်းသိရပါသည်။

                                                                                       ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News