ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၃၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၉၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၇၅ ၊ မုံရွာသစ်ရှယ် ကျပ် ၁၈၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၃၀၀ ၊ မုံရွာလတ်သန့် ကျပ် ၈၅၀ နှင့် မုံရွာလတ်ချော ကျပ် ၄၇၅ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၂၅ ၊ မုံရွာသစ်ရှယ် ကျပ် ၁၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၀၀ ၊ မုံရွာလတ်သန့် ကျပ် ၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၇၅ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန် စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၀၅ စီး(၆၃၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၅၀ စီး (၉၀၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၄၅ စီး (၂၇၀,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်)ကျပ် ၂၀၀၀၀ ၊အောင် ပန်းထူး -၂ ကျပ် ၃၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၀၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀၀ နှင့် အောင် ပန်းထူး-၅ ကျပ် ၆၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး -၂ ကျပ် ၅၀၀ ၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီး သီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၃၀၀၀ (၉၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ်ရေ ၂၆၀၀(၇၈,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၄၀၀(၁၂,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက် ခဲ့ကြောင်းသိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက် ရှိရာ အာလူး(တစ်ပိဿာ)ဈေးနှုန်းများမှာ အောင်ပန်း OK ကျပ် ၅၀၀၀၊ အောင်ပန်း S1 ကျပ် ၅၅၀၀၊ အောင်ပန်း S2 ကျပ် ၆၃၀၀ နှင့် တရုတ်အာလူး ကျပ် ၇၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အာလူးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်ကကားစီးရေ ၁၇ စီး (၁၀၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကားစီးရေ ၁၇ စီး( ၁၀၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး