မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂,၆၀၈,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂,၈၈၃,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၅၉၀,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂၄,၀၀၀ နှင့် မတ်ပဲ SQ/RC (2024 Crop) ကျပ် ၄၇,၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၁၇,၀၀၀ ဈေး ကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၈၅ လုံး(တန်ချိန် ၂၀၄၀)ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရ သည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၈,၅၀၀၊ မြားနီ ကျပ် ၉,၅၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၃၂,၀၀၀၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၄,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၃၀,၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ် ပေါင်း ၉၀၀ (၁၈,၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၂၀၀ (၂၅,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ် ရှည်အိတ်ပေါင်း ၃၅၀ (၇,၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅၅၀၀ နှင့် မန်ကျည်းအသား(သစ်) ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်းသီးများဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူကြမ်း(သစ်)ကျပ် ၆၄၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၅၀၀၊ ကြံသကာ ကျပ် ၄၈၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၁၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး