Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဝင်းက ပြောပြ၍ သိရသည်။

လပွတ္တာမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ရေဘဝဲပိဿာချိန် ၃၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလထက် နိုဝင်ဘာလတွင် ရေဘဝဲပိဿာချိန် ၂၀၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေဘဝဲအပါအဝင် ရေထွက်ကုန်တွေ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အခုလဲရန်ကုန်ဘက်က ရေထွက်ကုန်တွေကို အဝယ်လိုက်နေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့လတ်ဆက်မှုနဲ့ အရွယ်အစားအပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ ရေဘဝဲတွေကို လတ်တလော အဝယ်လိုက်နေတာကြောင့် အခုလို တင်ပို့အားလဲတက်လာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဝင်းက ပြောပြသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေး လက်ရှည်တစ်ကိလိုလျှင် ငွေကျပ် ၁၉၅၀၀၊ ရေဘဝဲအသေးလက်တို တစ်ကီလိုလျှင် ငွေကျပ် ၁၇၅၀၀ ဈေးပေါက်နေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News