Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၈-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြင်းခြံမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၄၈၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၄၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၄၀၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၄၀၀ ၊မြင်းခြံသစ်ရှယ် ကျပ် ၃၆၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၃၀၀၀၊ မြင်းခြံလတ်သန့် ကျပ် ၂၈၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၁၉၀၀အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၂၀၀ နှင့် ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး ဆိပ်ဖြူလတ်ချော ကျပ် ၇၀၀၊ မြင်းခြံရှယ် ကျပ် ၄၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၄၀၀၊ မြင်းခြံလတ်သန့် ကျပ် ၄၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၉၁ စီး ( ၅၄၆၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၈၈ စီး  ( ၅၂၈၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်နီကားစီးရေ ၃စီး ( ၁၈၀၀၀ ပိဿာ ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိ ရသည်။  

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၁၂၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၆၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၆၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း   ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်၂၂၀၀ ( ၆၆၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၉၀၀ ( ၅၇၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၃၀၀ (၉၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။    

Source: (Domestic(Ygn) MITC

Category: Local News