Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၈-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၉၇၀၀၀၀၊ မတ်ပဲ SQ/RC   (2023 Crop) ကျပ် ၃၂၃၅၀၀၀ နှင့် ပဲစင်းငုံ Red/RC(2023 Crop) ကျပ် ၃၀၄၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၃၅၀၀၀၊ မတ်ပဲSQ/RC (2023 Crop) ကျပ် ၅၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop )  ကျပ် ၁၃၅၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၃၅ လုံး ( တန်ချိန် ၈၄၀) နှင့် မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၁၀ လုံး( တန်ချိန် ၂၄၀ )  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၂၅ လုံး(တန်ချိန် ၆၀၀) နှင့် မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် မတ်ပဲSQ/RC (2023 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀ ) လျာ့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၉၀၀၀၊ မြှားနီ ကျပ် ၉၀၀၀၊ အိမ်မဲ ကျပ် ၆၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့  ယခင်အပတ်က  ငရုတ်ရှည်  အိတ်ပေါင်း  ၂၂၀၀  ( ၄၄၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၂၀၀ ( ၃၀၀၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၁၀၀ ( ၄၂၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀ ( ၄၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၀၀  (၂၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၁၀၀ ( ၁၅၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရ သည်။  

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိ      ဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၄၈၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၉၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၉၀၀၊ ကြံသကာ(စစ်) ကျပ် ၄၃၀၀ နှင့်  သကြား (ပြည်တွင်း)  ကျပ်  ၃၉၀၀  ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများဈေးငြိမ်လျက်ရှိသည်။

Source: Domestic (Ygn) MITC

Category: Local News