Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန် ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၄၀.၅) တန်၊ တန်ဖိုး (၀.၃၀၈)ဒေါ်လာသန်း၊ ရော်ဘာစေး (၄၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊  တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း ၊ ခဲသတ္တု (Lead Sulphide)(၄၄၅) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၇၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ် တင်ပို့မှုတွင်ပါဝင်သောသတ္တု(Lead Sulphide) (၄၄၅) တန်မှာ တာချီလိတ်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ အကောက်ခွန် ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၄၀) ဘတ်ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၃၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၄၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၃၅၆) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၈၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၁၅) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၀၂၇) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၅၄၃) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ရိုးရိုးဒီဇယ်ဆီတစ်တန်လျှင် (၁၀၄၈)ဒေါ်လာ၊ ပရီမီယမ်ဒီဇယ်ဆီ တစ်တန်လျှင် (၁၀၈၀) ဒေါ်လာ၊ ဓါတ်ဆီ(92 Ron) တစ်တန်လျှင်(၁၀၄၇) ဒေါ်လာ၊ ဓါတ်ဆီ(95 Ron) တစ်တန်လျှင် (၁၀၉၈) ဒေါ်လာဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News