Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်ီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်းဖြစ်သည့်  ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

(၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများ တွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဆေးဖက်ဆိုင်ရာသုံးပစ္စည်းကိရိယာများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပို ပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၆.၆၂) ရှိပြီး ယခုအပတ်တွင် (၉၄.၇၈) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့ပါသည်။

(၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၆၆၆.၂၈၅) ဒေါ်လာဖြင့် (၁၃၆၂.၇၈၀)တန်  (၀.၉၀၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁၃၅၀၀၃) U၊ (၁၄.၁၅၃) တန် (၁.၂၅၀)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၆၈.၂၂၂) ဒေါ်လာဖြင့် (၂၂၁.၇၉၃)တန် (၀.၃၇၀)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၁၀.၂၉၉) ဒေါ်လာဖြင့် (၄၁၉.၂၀၆)တန် (၀.၁၇၂)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁)တန်လျှင် (၄၃၀၅.၅၅၅) ‌ဒေါ်လာဖြင့် (၇၂)တန် (၀.၃၁၀) ဒေါ်လာသန်း၊ မတ်ပဲ (၁)တန်လျှင် (၁၁၀၆.၉၆၅) ‌ဒေါ်လာဖြင့် (၂၄၁.၂၀၀)တန် (၀.၂၆၇) ဒေါ်လာသန်း၊ မြေပဲဆံ (၁) တန်လျှင် (၉၅၆.၂၇၄) ဒေါ်လာဖြင့် (၄၁.၈၂၉) တန် (၀.၀၄၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၁၂၆၅.၈၈၆) ဒေါ်လာဖြင့် (၆၀.၀၃၇) တန် (၀.၀၇၆) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၁.၃၈၈) ဒေါ်လာဖြင့် (၄၃၂) တန် (၀.၀၈၇) ဒေါ်လာသန်းနှင့် သတ္တုနှင့် သတ္တုရိုင်းများ (၁)တန်လျှင် (၁၄၀၀)‌ ဒေါ်လာဖြင့် (၁၀၀) တန် (၀.၁၄၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

(၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၈၇၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၈၄၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၆၃၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၉၄၇) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၄၃၃) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၄၁၉)၊ တာယာနှင့် ကျွတ်များ (၀.၃၉၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၀၇၅) ဒေါ်လာ သန်း၊ ပုံနှိပ်စက္ကူများ (၀.၅၅၇) ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၆၈၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၃.၆၄၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇၂.၈၂၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၈၆.၄၇၀) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News