Local News

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေပါကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း ၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန် (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ဧရာမင်း (ဆန်)(‌ဟောင်း)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ ပြည်တစ်အိတ်မှာကျပ် ၈၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၃၄၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ဖေဖော်ဝါရီလ  (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉၅၀၀ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၀၀၀၊ မွန်သို့ အိတ်ရေ ၆၁၂၀၊ ကချင်သို့ အိတ်‌ရေ ၁၅၈၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀  စုစုပေါင်း အိတ်ရေ (၆၈၂၀၀)  အိတ်၊ တန်အား ဖြင့် (၃၄၁၀) စီးထွက်ခဲ့ပြီး ယခု ဖေဖော်ဝါရီလ  (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၇၅၀၊ မန္တလေးသို့ အိတ်ရေ ၃၄၇၅၀ နေပြည်တော်သို့ အိတ်ရေ ၃၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ မွန်သို့ အိတ်ရေ ၂၅၂၀၊ ကချင်သို့ အိတ်‌ရေ ၇၆၀၀၊ ပခုက္ကူသို့ အိတ်ရေ ၂၀၀၀  စုစုပေါင်း အိတ်ရေ (၈၂၂၂၀)  အိတ်၊ တန်အားဖြင့် (၄၁၁၁) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၄၀၂၀) အိတ်၊ တန်အားဖြင့် ( ၇၀၁) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News