Local News

ရမည်းသင်းခရိုင်အတွင်း မိုးနေကြာသီးနှံများအောင်မြင်ဖြစ်ထွန်း

Last Updated:

           မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မိုးနေကြာများကို ဇွန်လဆန်းမှစတင်၍ စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မျိုးသန့်နေကြာမျိုးစေ့များကို (၂) ပြည်တစ်အိတ်လျှင်(၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင် နှစ်ပြည်အိတ် (၂)အိတ် ကြဲပတ်ရကြောင်း၊ စိုက်ပျိုးသော နေကြာအမျိုးအစားများမှာ စင်‌ရွှေကြာ (၂)မျိုး၊ ရေဆင်း(၁)မျိုးနှင့် ရာစောင့်တဲ နေကြာမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်းသိရသည်။

          ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်၌ တစ်ဧကလျှင် (၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး တင်း(၂၀) မှ တင်း(၂၅)တင်းအထိ ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ရရှိသဖြင့် တစ်ဧကလျှင် (၆၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ လက်ရှိစျေးကွက်အတွင်း နေကြာစေ့ တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ နေကြာဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီထွက်သီးနှံတစ်မျိုး ဖြစ်၍ စားသုံးမှုများပြားလာပြီး ဒေသတွင်း၌ ကြိတ်ခွဲထုတ်လုပ်ရောင်းချကြရာ နေကြာစိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိသည့်အတွက် ယခုနှစ်တွင် မိုးနေကြာကို ပိုမို စိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News