International News

ကမ္ဘောဒီးယားဆန် တန်ချိန် နှစ်ထောင်ကျော် ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ်တင်ပို့

Last Updated:

          ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်ဈေးကွက်သို့ ပထမဆုံးအကြိမ်အဖြစ် ဆန် ၂၅,၇၅ တန်ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ Oknha Chan Sokheang က တနင်္လာနေ့(ဇွန် ၂၆)က အတည်ပြု ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချရေးဈေးကွက် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် Sokheng က Khmer Food Group မှ ပထမဆုံးအကြိမ် တန်ချိန် ထောင်ဂဏန်းအထိ တင်ပို့ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ယမန်နှစ်က ဆန်တန်ချိန် ၁၁ သန်းကျော် ထုတ်လုပ်ခဲ့သည်။ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) သည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၇၅၀,၀၀၀ တင်ပို့ရန် လျာထားသည်။ ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်းထားသည်။ ယမန်နှစ်က ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်စက် ၆၃၇,၀၀၄ တန် တင်ပို့ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယမန်နှစ်က နိုင်ငံနှင့် ဒေသပေါင်း ၅၉ ခုသို့ ဆန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၄၁၄ သန်း ရရှိခဲ့ကြောင်း CRF မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News