Local News

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အိန္ဒိယနိုင်ငံတွင် ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်

Last Updated:

           အိန္ဒိယနိုင်ငံတွင် နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးသွားရာ ခရမ်းချဉ်သီးဈေးနှုန်းမှာ အနည်းဆုံးသုံးဆမှ လေးဆအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဒေလီမြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရမ်းချဉ်သီးတစ်ကီလိုလျှင်   ယခင်က ၃၀ ရူပီးသာရှိခဲ့ရာမှ ၁၂၀ ရူပီးအထိ မြင့်တက်လာကြောင်း၊ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းတွင် ယခင်က ခရမ်းချဉ်သီး တစ်ကီလိုလျှင်  ၈၀ ရူပီးဖြင့်ရောင်းချခဲ့သည်။ သို့သော် နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မိုးများသည့်ဒေသများတွင် သယ်ယူပို့ဆောင်ရေးမှာ ထိခိုက်ခဲ့ရကြောင်း၊ သို့သော် ဈေးနှုန်းမြင့်တက်ခြင်းသည် ယာယီသာဖြစ်ကြောင်း စားသုံးသူများ အရေးဆိုင်ရာ ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ PTI သတင်းဌာနကဖော်ပြသည်။

Source: https://www.myawady.net.mm

Category: Local News