Local News

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွင် (၁၉-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃ ) အတွင်း ဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

အာလူး

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အာလူး (တစ်ပိဿာ)ဈေးနှုန်းများမှာ ဟဲဟိုး A1 ကျပ် ၂၂၅၀၊ ဟဲဟိုး OK ကျပ် ၂၄၀၀၊ ဟဲဟိုး S1 ကျပ် ၂၄၀၀၊ ဟဲဟိုး S2 ကျပ် ၂၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဟဲဟိုး OK ကျပ် ၁၅၀၊ ဟဲဟိုး S1 ကျပ် ၁၅၀၊ ဟဲဟိုး S2 ကျပ် ၁၀၀ အသီးသီး ဈေးကျဆင်းခဲ့ကြောင်း သိရသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ အာလူးကားစီးရေ ၅၃ စီး (၃၁၈၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် အာလူးကားစီးရေ ၄၅ စီး (၂၇၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၈ စီး (၄၈၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်နီ

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ)ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ်ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၁၅၀၊ ဆိပ်ဖြူလတ်သန့်ကျပ် ၂၁၅၀၊ ဆိပ်ဖြူလတ်ချောကျပ် ၁၈၅၀၊ မုံရွာရှယ်ကျပ် ၂၂၀၀၊ မုံရွာလတ်ကြီးကျပ် ၂၁၅၀၊ မုံရွာလတ်သန့်ကျပ် ၂၁၅၀နှင့် မုံရွာလတ်ချောကျပ် ၁၈၅၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူလတ်ချောကျပ် ၇၅၊ ဆိပ်ဖြူလတ်ကြီးကျပ် ၂၅၊ ဆိပ်ဖြူ လတ်သန့်ကျပ် ၂၅၊ ဆိပ်ဖြူလတ်ချောကျပ် ၅၀၊ မုံရွာရှယ်ကျပ် ၇၅၊ မုံရွာလတ်ကြီးကျပ် ၂၅၊ မုံရွာ လတ်သန့်ကျပ် ၂၅နှင့် မုံရွာလတ်ချောကျပ် ၅၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၈၉ စီး (၅၃၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၁၇ စီး (၇၀၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ကြက်သွန်နီ ကားစီးရေ ၂၈ စီး (၁၆၈၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၇၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂ ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၆၀၀ (၇၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၉၀၀ (၅၇၀၀၀  ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၇၀၀ (၂၁၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: SWTun (Domestic YGN) MITC

Category: Local News