Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၉-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃)အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၂၄၃၇၅၀၀၊ မတ်ပဲ SQ/RC (2022 Crop)ကျပ် ၂၄၆၇၅၀၀နှင့် ပဲစင်းငုံ Red/RC (2022 Crop)ကျပ် ၃၂၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၁၀၈၅၀၀နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကျပ် ၁၅၀၀၀၀ ဈေးကျဆင်းခဲ့ပြီး မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၉၁၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၆၅လုံး ( တန်ချိန် ၁၅၆၀)၊ မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀)နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) စုစုပေါင်း ကွန်တိန်နာ ၁၀၀ လုံး (တန်ချိန် ၂၄၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၇၀လုံး (တန်ချိန် ၁၆၈၀)နှင့် မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) စုစုပေါင်း ကွန်တိန်နာ ၉၅ လုံး (တန်ချိန် ၂၂၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲ ငရုတ်(သစ်) AC ကျပ် ၁၅၀၀၀၊ မြှားနီကျပ် ၁၅၀၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၄၀၀၀၊ အိမ်မဲကျပ် ၁၄၀၀၀၊ ဆင်ဖြူကျွန်း(ပု)ကျပ် ၁၇၀၀၀နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၆၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီကျပ် ၅၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၀၀နှင့် အိမ်မဲကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး မိုးထောင်(ဒီမွန်)ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည်အိတ်ပေါင်း ၂၇၀၀ (၅၄၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၃၀၀၀ (၆၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည်အိတ်ပေါင်း ၃၀၀ (၆၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

           ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်)ကျပ် ၁၄၀၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းဈေးများ ငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၃၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၃၄၀၀၊ ပခုက္ကူ ကြမ်းကျပ် ၂၉၅၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၄၀၀၊ ကြံသကာ(စစ်)ကျပ် ၂၄၀၀နှင့် သကြား (ပြည်တွင်း)ကျပ် ၃၂၈၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦးဆေးရှယ်(ထန်း)  ကျပ် ၅၀နှင့် သကြား(ပြည်တွင်း)ကျပ် ၅ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

Source: SSMaw (Domestic (Ygn) MITC

Category: Local News