Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်းမြင့်တက်လာ

Last Updated:

ဩဂုတ်လတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်ဘက်မှ ပြောင်းဖူးစေ့ များဝင်ရောက်လျှက် ရှိနေသည်။ တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ ပြည်တွင်းတိရစ္ဆာန်အစာတောင့် စက်ရုံများမှ ဝယ်ယူမှုရှိနေခြင်း တို့ကြောင့်၊ ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ရှမ်းပြောင်းဖူးစေ့ (ရှမ်း) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၆၂၀၀၀ မှ ၆၃၀၀၀၊ ယခင် တစ်ပတ်ကျပ် ၆၁၀၀၀ မှ ၆၁၅၀၀၊ ယခင်လကျပ် ၅၈၀၀၀ မှ ၅၈၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၁၅၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၄၀၀၀ မှ ၄၅၀၀ မြင့်တက်လာသည်။

စီပီပြောင်း ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၆၂၀၀၀ မှ ၆၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၀၀၀၀ မှ ၆၁၀၀၀၊ ယခင်လကျပ် ၅၈၀၀၀ မှ ၅၈၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၄၀၀၀ မှ ၄၅၀၀ မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၆၀၀၀၀ မှ ၆၁၀၀၀၊ ယခင် တစ်ပတ်ကျပ် ၅၉၀၀၀ မှ ၆၀၀၀၀၊ ယခင်လကျပ် ၅၆၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၊ ယခင်လ ထက်ကျပ် ၄၀၀၀ မှ ၅၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News