Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်းမြင့်တက်လာ

Last Updated:

ဩဂုတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိရာ ကုလားပဲမှာ ဆက်တိုက်ဈေးမြင့်တက်လျှက်ရှိသည်။ လက်ကျန်နည်းလာ၍ လှောင်လက်ကုန်သည် အရောင်းသမား များ ထုတ်ရောင်းသလောက်သာ စောင့်ဝယ်ယူနေရသည့်အခြေအနေဖြစ်ခြင်း၊ ပဲခွဲစက်များမှ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ ပို့ကုန်ပဲများ ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးမြင့်လာခြင်းတို့ကြောင့် ယခင်ကမရဘူးသော ဈေးများသို့ရောက်ရှိနေပြီး ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ကုလားပဲဖြူလုံးကြီး (V-2) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၃၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၆၃၀၀၀ မှ ၂၆၄၀၀၀၊ ယခင်လကျပ် ၂၅၂၀၀၀ မှ ၂၆၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၇၀၀၀ မှ ၉၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၁၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး (V-7) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၇၀၀၀ မှ ၂၆၈၀၀၀၊ ယခင်လကျပ် ၂၅၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀၊ ယခင်လထက်ကျပ် ၂၈၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၅၀၀၀ မှ ၂၆၈၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၅၆၀၀၀ မှ ၂၅၇၀၀၀၊ ယခင်လကျပ် ၂၄၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၉၀၀၀ မှ ၁၁၀၀၀၊ ယခင်လကျပ် ၂၀၀၀၀ မှ ၂၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (929) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၃၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၆၃၀၀၀ မှ ၂၆၄၀၀၀၊ ယခင်လကျပ် ၂၅၀၀၀၀ မှ ၂၅၁၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀ မှ ၉၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၂၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News