International News

ဗြိတိန်နိုင်ငံ၏လျှပ်စစ်မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းအပေါ် ခေတ္တရွှေ့ဆိုင်းမည့်ကိစ္စအား အီးယူမှတုံ့ပြန်ပြောကြားခြင်းမရှိ

Last Updated:

လျှပ်စစ်မော်တော်ယာဉ်များ အကောက်ခွန်နှုန်းဆိုင်ရာ ဗြိတိန်နိုင်ငံ၏ညှိနှိုင်းချက်အပေါ် အီးယူမှ တုံ့ပြန်ပြောကြား ခြင်း မရှိသေးသဖြင့် ကားထုတ်လုပ်သူများမှ ယခုကဲ့သို့ ကြန့်ကြာနေခြင်းသည် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်တစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ 

ပင်ရင်းနိုင်ငံ    စည်းမျဉ်းအရ ဗြိတိန်နိုင်ငံ သို့မဟုတ် အီးယူတို့မှ လျှပ်စစ်မော်တော်ယာဉ်များ ရောင်းချခြင်းအတွက် အကောက်ခွန်နှုန်း ၄၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသွားရန်   Brexit ကုန်သွယ်မှု အစီအစဉ်အောက်မှ အဆိုပြုထားခြင်းဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘက်ထရီအား တရုတ်နိုင်ငံမှ တင်သွင်းနေပြီး အကောက်ခွန်နှုန်းသည် ဗြိတိန်နိုင်ငံနှင့် အီးယူနိုင်ငံ နှစ်ဖက်စလုံးရှိ ကားထုတ်လုပ်သူများအား သက်ရောက်မှုများ ရှိသဖြင့် လျှပ်စစ်မော်တော်ယာဉ် ဈေးနှုန်းများ ကြီးမြင့်စေကြောင်း၊ Brexit ကုန်သွယ်မှုအစီအစဉ်သည် ဗြိတိန်နှင့် အီးယူနိုင်ငံများအကြား ထားရှိသည့် ကုန်သွယ်မှုဆိုင်ရာ ကတိကဝတ်များအပေါ်တွင် ညှိနှိုင်းချက်ရလဒ်တစ်ခုဖြစ် ကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News